back

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျော်ဝင်ရောက်မှု တားဆီးနိုင်ရေး လူအင်အား ၃၈၀ ဖြင့် ၂၄ နာရီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

Aug 10 • 9:04 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျော်ဝင်ရောက်မှု တားဆီးနိုင်ရေး လူအင်အား ၃၈၀ ဖြင့် ၂၄ နာရီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျော်ဝင်ရောက်နေသည့် နေရာများ၌ ရေဝင်ရောက်မှုကို အချိန်မီ တားဆီးနိုင်ရေးအတွက် Steel Sheet Pile များ ရိုက်စိုက်ခြင်း အပါအဝင် အရေးပေါ် ရ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျော်ဝင်ရောက်နေသည့် နေရာများ၌ ရေဝင်ရောက်မှုကို အချိန်မီ တားဆီးနိုင်ရေးအတွက် Steel Sheet Pile များ ရိုက်စိုက်ခြင်း အပါအဝင် အရေးပေါ် ရေတား/ရေကာ နံရံများ တည်ဆောက်ခြင်းလုပ်ငန်းများကို လူအင်အား ၃၈၀ ဖြင့် ၂၄ နာရီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် Steel Sheet Pile များကို အလျား ၈၉၀ ပေခန့် ရိုက်စိုက်ခြင်း၊ သဲဖြည့် Geo Bag အိတ်များနှင့် သဲအိတ်များကို ရေအောက်ခြေအထိ ဖိသိပ်ချပေးခြင်းနှင့် တာတမံနိမ့်ကျသည့် နေရာများကို သဲအိတ်များဖြင့် အရေးပေါ် ရေကာနံရံ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများ အချိန်မီပြီးစီးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၈၀ ဦးဖြင့် နေ့ဆိုင်း/ညဆိုင်း အလှည့်ကျ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

17