back

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသားပေါက် ၅၃ သိန်းကျော် ထုတ်လုပ်ခဲ့ပြီး သဘာဝရေပြင်သို့ မျိုးစိုက်ထည့်ခြင်းနှင့် တောင်သူများထံ ရောင်းချပေးမှု ဆောင်ရွက်

Aug 10 • 9:02 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသားပေါက် ၅၃ သိန်းကျော် ထုတ်လုပ်ခဲ့ပြီး သဘာဝရေပြင်သို့ မျိုးစိုက်ထည့်ခြင်းနှင့် တောင်သူများထံ ရောင်းချပေးမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ သနပ်ပင်နှင့် အုတ်ဖို ငါးလုပ်ငန်းစခန်း သုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငွေရောင်ငါးကြင်းနှင့် ငါးခုံးမကြီး ...

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ သနပ်ပင်နှင့် အုတ်ဖို ငါးလုပ်ငန်းစခန်း သုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငွေရောင်ငါးကြင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်များ ထုတ်လုပ်လျက်ရှိရာ လက်ရှိတွင် ငါးသားပေါက် ၅၃ ဒသမ ၄၉၀ သိန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်လုပ်ခဲ့သည့် ငါးသားပေါက်များအနက် ၄၀ ရာခိုင်နှုန်း (၄၂ ဒသမ ၂၂၀ သိန်း) ကို သဘာဝရေပြင်သို့ မျိုးစိုက်ထည့်ပေးခဲ့ပြီး ၆၀ ရာခိုင်နှုန်း (၁၁ ဒသမ ၂၇၀ သိန်း) ကို မွေးမြူရေးတောင်သူများထံ ရောင်းချပေးခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ငါးသားပေါက် ၁၃၂ ဒသမ ၂၀၀ သိန်း ထုတ်လုပ်ရန် လျာထားရာ ကျန်ရှိသည့် သားပေါက် ၇၈ ဒသမ ၇၁၀ သိန်းကို ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးတောင်သူ ၂,၀၀၀ ကျော်အား မွေးမြူရေးဆိုင်ရာ နည်းပညာ သင်တန်းနှင့် ဆွေးနွေးပွဲများ အကြိမ် ၆၀ ကျော် ပို့ချပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

11