back

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာသဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခု ကြိုတင်ပြင်ဆင်ထား

Aug 10 • 8:58 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာသဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခု ကြိုတင်ပြင်ဆင်ထား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ကာ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်း တိုင်းတာချက်အရ ၈၂၀ စင်တီမီတာသို့ ရောက်ရှိလာ၍ မ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ကာ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်း တိုင်းတာချက်အရ ၈၂၀ စင်တီမီတာသို့ ရောက်ရှိလာ၍ မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ မြစ်ရေစတင်ဝင်ရောက်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်ပြည်သူများ ရွှေ့ပြောင်းနိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မြို့ပေါ်တွင် ၁၆ ခုနှင့် ကျေးရွာများတွင် ၁၁ ခု စုစုပေါင်း ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခု ကြိုတင်ဖွင့်လှစ်ထားရှိပြီး အရေးပေါ် စားနပ်ရိက္ခာများ စီစဉ်ပေးခြင်းနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းများကို တာဝန်ရှိသူများက စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

news-view-count-icon

15