အာဆီယံဒေသအတွင်း အမျိုးသမီးဘောလုံးကဏ္ဍ ဖွံ့ဖြိုးရေး၊ နည်းပြများနှင့် ကစားသမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်း (Yadanarbon FC Women) နှင့် ထိုင်းနိုင်ငံမှ Phranakorn FC Women အသင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ဩဂုတ်လ ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် နည်းစနစ်နှင့် အသိပညာများ ဖလှယ်ခြင်း၊ ကစားသမားနှင့် နည်းပြများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဘောလုံးသင်တန်းများနှင့် ခြေစမ်းပွဲများ ပူးပေါင်းကျင်းပခြင်းတို့ ပါဝင်မည်ဖြစ်ပြီး မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား အမျိုးသမီးဘောလုံးကဏ္ဍ ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေမည် ဖြစ်ကြောင်း သိရသည်။
အာဆီယံအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံအမျိုးသမီးအသင်းနှင့် ထိုင်း Phranakorn FC Women MoU ရေးထိုး
Aug 10 • 8:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


