ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှဘူတာနှင့် ဒိုက်ပျက်ဘူတာကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ ရေကျော်လွန်စီးဆင်းလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပုသိမ် - ကြံခင်း ပြေးဆွဲနေသည့် အစုန်/အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာမှ အသိပေးနှိုးဆော်ထားသည်။
Aug 10 • 8:55 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 25 | 0 | 0 | 0 |


