ချင်းနွယ်ဖွား မြန်မာဖိုက်တာ Flyweight တန်း ချန်ပီယံ ဂျောရှုဝါဗန်နှင့် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား ပန်တိုဂျာတို့၏ မကျေပွဲကို လာမည့် စက်တင်ဘာလ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်လိစ်မြို့၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း UFC အဖွဲ့အစည်းက တရားဝင် အတည်ပြုထုတ်ပြန်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ် ဂျောရှုဝါဗန်က ပထမအချီတွင်ပင် အလဲထိုး (KO) ဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ်ကို စတင်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာဖိုက်တာ ဂျောရှုဝါဗန်နှင့် ပန်တိုဂျာတို့၏ မကျေပွဲကို UFC 331 တွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်မည်
Aug 10 • 8:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |



