back

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင် (၃၂၉) အနီး ရေကျော်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိ

Aug 10 • 8:48 AM

breaking-news

မြန်မာ

မန္တလေး

cover

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင် (၃၂၉) အနီး ရေကျော်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် (၃၂၉/၂) နှင့် (၃၂၉/၃) ဖာလုံကြားတွင် ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီခန့်က မိုးရွာသွန်းမှုကြောင့်...

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် (၃၂၉/၂) နှင့် (၃၂၉/၃) ဖာလုံကြားတွင် ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီခန့်က မိုးရွာသွန်းမှုကြောင့် ကားလမ်းပေါ်သို့ ရေကျော်တက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် သွားလာရလွယ်ကူစေရန်အတွက် ဝမ်းတွင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက လမ်းကြောင်းရှင်းလင်းပေးခြင်းနှင့် ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အရေးပေါ် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ Hotline ဖုန်း 191 နှင့် သက်ဆိုင်ရာ ကွပ်ကဲရေးဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။

news-view-count-icon

17