ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက် ကလေးများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်းပညာရေး အတန်းနေရာချထားမှု (Placement Test) စာမေးပွဲကို ဩဂုတ်လ ၉ ရက် နံနက်ပိုင်းက သတ်မှတ်စာဖြေဌာနများ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲသို့ မူလတန်းကျောင်းသား/သူ ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား/သူ ၁,၆၆၂ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ တောင်ငူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို ညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်းပညာရေး Placement Test စာမေးပွဲ ကျင်းပပြီးစီး
Aug 10 • 8:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


