ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက နမ့်ပေါ့ချောင်းရှိ ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးခဲ့ကာ ရေစီးလမ်းကြောင်း ပြောင်းလဲပြီး ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေတိုက်စားမှုကြောင့် ဒေသခံနေအိမ်၏ ရေချိုးခန်း၊ အိမ်သာတွဲလျက် အဆောက်အအုံတစ်လုံးနှင့် အရှည် ပေ ၆၀ ခန့်ရှိ အုတ်တံတိုင်းတို့ ပြိုကျပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမူ မရှိခဲ့ပါ။ လက်ရှိတွင် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဲအိတ်များကာရံခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ ရေလမ်းကြောင်း ပြန်လည်လွှဲပြောင်းပေးခြင်း စသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၌ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျ၍ နေအိမ် အဆောက်အအုံအချို့ ပျက်စီးခဲ့
Aug 10 • 8:45 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 12 | 0 | 0 | 0 |


