ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းနှင့် ဒုဋ္ဌဝတီမြစ်ရေများသည် မြို့အချို့၌ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ လက်မကျော်လွန်နေကာ နှစ်မြို့လုံး၌ ၁ ပေခွဲခန့်စီ ထပ်မံမြင့်တက်နိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲ (၁ ပေခန့် ထပ်တက်နိုင်)၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက် (၃ လက်မခန့် ထပ်တက်နိုင်) နှင့် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေခွဲအထိ ရောက်ရှိနေပြီး ၁ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။ ထို့ပြင် ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် လျှော့နည်းကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ရာ အဆိုပါမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေးထားသည်။
မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး အထူးသတိပြု ကြိုတင်ရှောင်ရှားရန် မိုးဇလ သတိပေး
Aug 10 • 8:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |



