back

ဧရာဝတီတိုင်းဒေသကြီး၊မိုးကုတ်၌ မိုးကြီး၍ မြေပြိုမှုများဖြစ်ပွားကာ ဆည်တော်ကြီး ရေပိုလွှဲဖွင့်မှုကြောင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ကားလမ်းပေါ် ရေကျော်စီးဆင်း

Aug 10 • 8:40 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊မိုးကုတ်၌ မိုးကြီး၍ မြေပြိုမှုများဖြစ်ပွားကာ ဆည်တော်ကြီး ရေပိုလွှဲဖွင့်မှုကြောင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ကားလမ်းပေါ် ရေကျော်စီးဆင်း

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ကျပ်ပြင်၊ ရွှံ့ပန်း၊ ကျောက်ဆင်နှင့် ဘော်မားကျေးရွာတ...

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ကျပ်ပြင်၊ ရွှံ့ပန်း၊ ကျောက်ဆင်နှင့် ဘော်မားကျေးရွာတို့၌ မြေသားအိကျကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်၊ အုတ်တံတိုင်းနှင့် ကတ္တရာလမ်းများ ပျက်စီး၍ လမ်းများ ယာယီပိတ်ထားခဲ့ရသဖြင့် တာဝန်ရှိသူများက လမ်းကြောင်း ပြန်လည်ပွင့်လင်းရေးနှင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံအတွင်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာသဖြင့် ဩဂုတ်လ ၇ ရက်တွင် ရေပိုလွှဲတံခါးများမှ ပိုလျှံရေများ လွှဲထုတ်ခဲ့ရာ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ကားလမ်းမကြီးပေါ်သို့ ရေကျော်စီးဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ခဲ့သည့် အထက်တောင်ကိုင်းကျေးရွာမှ ပြည်သူများအား ပူးပေါင်းအဖွဲ့များက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9