back

ဧရာဝတီတိုင်းဒေသကြီး၊ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ကျေးရွာ ၂၈ ရွာ ရေဝင်ရောက်ပြီး မိုးစပါးဧက ၁၂,၀၀၀ ကျော် ရေနစ်မြုပ်

Aug 10 • 8:39 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ကျေးရွာ ၂၈ ရွာ ရေဝင်ရောက်ပြီး မိုးစပါးဧက ၁၂,၀၀၀ ကျော် ရေနစ်မြုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာသို့ ရေဝင်ရောက်လျက်ရှိရာ လဟာပ၊ ကညင်ငူ၊ အုပ်ပ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာသို့ ရေဝင်ရောက်လျက်ရှိရာ လဟာပ၊ ကညင်ငူ၊ အုပ်ပုံနှင့် ထိန်ကုန်းကျော် ကျေးရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူ ၂,၁၄၁ ဦး ပြောင်းရွှေ့ခိုလှုံနေရကြောင်း သိရသည်။ ထို့ပြင် ကျေးရွာအုပ်စု ၁၄ စုမှ မိုးစပါးစိုက်ဧက ၁၂,၆၃၂ ဧကအတွင်းသို့လည်း ရေများဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

22