မန္တလေးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျိုင်းတုံအပါအဝင် မြို့နယ် ၁၀ မြို့နယ်၊ "ဝ" အထူးဒေသနှင့် မိုင်းလားအထူးဒေသတို့မှ လာရောက်ကြသည့် ဒေသခံပြည်သူ ၁,၂၅၉ ဦးကို အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း အရိုးအကြော၊ နှလုံး၊ အထွေထွေနှင့် အခြားအထူးကု ရောဂါမျိုးစုံ လူနာများအား ကြည့်ရှုကုသပေးခဲ့သည့်အပြင် Echocardiography၊ ECG၊ Ultrasound၊ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း၊ CT Scan စသည့် စမ်းသပ်စစ်ဆေးမှုများစွာ ဆောင်ရွက်ပေးခဲ့ပြီး ဆီးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှုများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအဖွဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဒေသခံ ၁,၂၀၀ ကျော်အား ကုသပေးနိုင်ခဲ့
Aug 10 • 8:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 12 | 0 | 0 | 0 |


