ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing စနစ် တပ်ဆင်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းက ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါတံတားကို Steel Box Girder နှင့် ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ အမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ Myanmar National Building Code 2025 ပါ ငလျင်ဒဏ်ခံ စံနှုန်းများအတိုင်း တွက်ချက်တည်ဆောက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်မည့် ဒုဋ္ဌဝတီတံတားအသစ်ကို ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်လုပ်မည်
Aug 10 • 8:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


