မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ မြေဧက ၃,၂၈၅ ဒသမ ၃၁ ကို အများပြည်သူအကျိုးငှာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသစ် တည်ဆောက်ရေးစီမံကိန်း၏ ပင်မလေယာဉ်ကွင်းနှင့် လေယာဉ်ကွင်းအဝင်လမ်းမြေအဖြစ် အသုံးပြုရန် ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ အမိန့်ကြော်ငြာစာ (၄၂၇/၂၀၂၆) ကို ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက လိုအပ်ချက်အရ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် မြေဧက ၃,၂၈၅ ကျော်၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသစ် တည်ဆောက်မည်
Aug 10 • 8:31 AM
မြန်မာ
မွန်
မျှဝေမည်
| 34 | 0 | 0 | 0 |


