မန္တလေးတိုင်းရှိ တောင်ပေါ်အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်မြို့တွင် အိမ်ခြံမြေစျေးနှုန်းများ ပုံမှန်ထက် အဆမတန် မြင့်တက်နေပြီး အခွန်တိမ်းရှောင်ရန်အတွက် စာချုပ်ချုပ်ဆိုရာ၌ တန်ဖိုးလျှော့၍ လိမ်လည်ချုပ်ဆိုမှုများ ရှိနေသဖြင့် သက်ဆိုင်ရာမှ စိစစ်ကြပ်မတ်ရန် လိုအပ်နေကြောင်း ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိသည်။ စျေးကွက်အတွင်း သိန်းပေါင်း သောင်းချီမှ သိန်းချီအထိ တန်ဖိုးရှိသော အရောင်းအဝယ်ကြီးများ ဖြစ်ပွားနေသော်လည်း ဝယ်ယူသူများ၏ ငွေကြေးရင်းမြစ်မှာ မည်သည့်နေရာမှ ရရှိလာသည်ကို မသိရှိရသည့်အပြင်၊ အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ အလွန်များပြားသော်လည်း တရားဝင် စာချုပ်ချုပ်ဆိုရာတွင်မူ အခွန်သက်သာစေရန် သိန်းထောင်ဂဏန်းခန့်ဖြင့်သာ လိမ်လည်တန်ဖိုးလျှော့ ချုပ်ဆိုမှုများကို ရှေ့နေနှင့် ပွဲစားအချို့ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် စျေးနှုန်းများမှာ ထိပ်ဆုံးဂိတ်ထက်ပင် လွန်ကဲနေပြီး ပြန်လည်ရောင်းချရာ၌ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေး ပြန်လည်ရရှိရန်ပင် ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံသူများအနေဖြင့် စျေးကွက်အခြေအနေမှန်ကို သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း သတိပေးမှုများလည်း ရှိနေသည်။
မန္တလေးတိုင်း၊ပြင်ဦးလွင်၌ အိမ်ခြံမြေစျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အခွန်ရှောင် စာချုပ်ချုပ်ဆိုမှုများအပေါ် စိစစ်ရန် လိုအပ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်
Aug 10 • 6:51 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 32 | 0 | 0 | 0 |


