ယခုရက်ပိုင်းအတွင်း ပြည်တွင်းစျေးကွက်၌ ဆောက်လုပ်ရေးသုံး သံထည်နှင့် စတီးပစ္စည်း စျေးနှုန်းများ ရုတ်တရက် အဆမတန် မြင့်တက်လာခြင်းကြောင့် ယခင် စျေးနှုန်းဟောင်းများဖြင့် စာချုပ်ချုပ်ဆို လုပ်ငန်းလက်ခံထားသည့် ကန်ထရိုက်တာများ လုပ်ငန်းလည်ပတ်ရန် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ သံချောင်းနှင့် ဟော်လိုပိုက် စျေးနှုန်းများသည် ၁ ပတ်ခန့်ကာလအတွင်း ၁ တန်လျှင် ငွေကျပ် ၈ သိန်းခန့်အထိ မြင့်တက်သွားပြီး ၄x၂ ဟော်လိုပိုက် ၁ ချောင်းလျှင် ကျပ် ၄၃,၀၀၀ ခန့်မှ ကျပ် ၈၀,၀၀၀ ကျော်အထိလည်းကောင်း၊ ၃x၁ ခွဲ ဟော်လိုပိုက် ၁ ချောင်းလျှင် ကျပ် ၁၉,၅၀၀ ခန့်မှ ကျပ် ၄၄,၀၀၀ အထိလည်းကောင်း စျေးနှုန်း နှစ်ဆနီးပါးနှင့် နှစ်ဆကျော် ခုန်တက်သွားသည်။ ယင်းကဲ့သို့ ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်သွားမှုကြောင့် အပြီးအစီးစနစ်ဖြင့် လက်ခံထားသည့် ကန်ထရိုက်တာများမှာ အရှုံးပေါ်မည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး လုပ်ငန်းငယ်အချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်နားထားရသည့်အပြင် အပ်နှံသူများနှင့် စျေးနှုန်း ပြန်လည်ညှိနှိုင်းရေးအတွက် အငြင်းပွားမှုများ ရှိလာနိုင်ကြောင်း သိရသည်။
ပြည်တွင်း၌ ဆောက်လုပ်ရေးသုံး သံနှင့် စတီးပစ္စည်းများ စျေးနှုန်းအဆမတန် မြင့်တက်လာခြင်းကြောင့် ကန်ထရိုက်တာများ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ
Aug 10 • 4:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


