back

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့၌ ခိုးယူခံရသော ဆိုင်ကယ်အား တရားခံနှင့်အတူ ဖမ်းဆီးရမိ

Aug 10 • 4:13 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့၌ ခိုးယူခံရသော ဆိုင်ကယ်အား တရားခံနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ခိုးယူခံရသည့် ဆိုင်ကယ်ကို ရွှေညောင်နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုဖြင့် ခိုးယူသူနှင့်အတူ ပြန်လ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ခိုးယူခံရသည့် ဆိုင်ကယ်ကို ရွှေညောင်နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုဖြင့် ခိုးယူသူနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်တွင် နေထိုင်သည့် ဦးနေဝင်းသည် ၎င်း၏ Kamax-110 အမျိုးအစား ခဲ(နက်/စိမ်း)ရောင် ဆိုင်ကယ်အား ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းက နေအိမ်ကားဂိုဒေါင်အတွင်း ဇက်သော့ခတ်ရပ်နားထားခဲ့ရာမှ ဩဂုတ် ၉ ရက် နံနက် ၅ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပျောက်ဆုံးသွားသဖြင့် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်၍ ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

11