back

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test စာမေးပွဲကို ကျောင်းသား/သူ ၂၀၅ ဦး ဝင်ရောက်ဖြေဆို

Aug 10 • 4:11 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test စာမေးပွဲကို ကျောင်းသား/သူ ၂၀၅ ဦး ဝင်ရောက်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test စာမေးပွဲကို ဩဂုတ် ၉ ရက်က ကျင်းပခဲ့ရာ ကျောင်းသား/သူ ...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test စာမေးပွဲကို ဩဂုတ် ၉ ရက်က ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း ၂၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲတွင် မူလတန်းအဆင့် အဆင့်(၂) ဖြေဆိုသူ ၂၁ ဦး၊ အလယ်တန်းအဆင့် အဆင့်(၁) ဖြေဆိုသူ ၇ ဦး၊ အလယ်တန်းအဆင့် အဆင့်(၂) ဖြေဆိုသူ ၁၀ ဦးနှင့် အလယ်တန်းအဆင့် အဆင့်(၃) ဖြေဆိုသူ ၁၆၇ ဦးရှိခဲ့သည်။ Placement Test စာမေးပွဲကို ကျောင်းသား/သူများ၏ အတန်းပညာအဆင့်အတန်းအလိုက် မူလတန်းနှင့် အလယ်တန်း အဆင့်များခွဲခြား၍ သက်ဆိုင်ရာ အဆင့်(၁)၊ အဆင့်(၂)နှင့် အဆင့်(၃) စာမေးပွဲများအဖြစ် စနစ်တကျ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

18