back

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ဆေးရွက်ကြီး စျေးကောင်းရသဖြင့် စိုက်ပျိုးသူ ပိုမိုများပြားလာ

Aug 10 • 4:09 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ဆေးရွက်ကြီး စျေးကောင်းရသဖြင့် စိုက်ပျိုးသူ ပိုမိုများပြားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆေးရွက်ကြီး စျေးကောင်းရရှိလာသဖြင့် စီးပွားဖြစ် စိုက်ပျိုးသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း ဒေသခံ...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆေးရွက်ကြီး စျေးကောင်းရရှိလာသဖြင့် စီးပွားဖြစ် စိုက်ပျိုးသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ အရင်က Hmuntha (မွန်ထာ)၊ Bualhrei (ဘွာလ်ဟရဲ)၊ Lotha (လောထာ) နှင့် Sațawm (စတောမ်) ကျေးရွာများတွင်သာ အဓိက စိုက်ပျိုးခဲ့သသော်လည်း ယခုအခါ Zawlte (ဇောလ်သဲ) နှင့် Rallang (ရာလ်လန်) စသည့် တခြားကျေးရွာများတွင်ပါ တိုးချဲ့စိုက်ပျိုးလာကြသည်။ ဆေးရွက်ကြီး တစ်ပိဿာလျှင် အိန္ဒိယရူပီး ၂၀၀ မှ ၃၀၀ ဝန်းကျင် (မြန်မာငွေ ၉,၀၀၀ မှ ၁၃,၀၀၀ ကျပ်) အထိ ရှိပြီး အရည်အသွေး ကောင်းမွန်ပါက ရူပီး ၃၅၀ အထိ ရရှိကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယဘက်မှ ကုန်သည်များက ကျေးရွာများအထိ ကိုယ်တိုင်လာရောက် ဝယ်ယူကြသဖြင့် စိုက်ပျိုးသူများအနေဖြင့် အခြားနေရာသို့ သွားရောက်ရောင်းချရန် မလိုဘဲ အဆင်ပြေလျက်ရှိသည်ဟု သိရသည်။

news-view-count-icon

13