back

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေဝင်ရောက်နေ

Aug 10 • 2:57 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေဝင်ရောက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ ကြေ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ လဟာပ၊ ကညင်ငူ၊ အုပ်ပုံနှင့် ထိန်ကုန်းကျော် ကျေးရွာတို့တွင် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ရေဘေးသင့်သူ ၂,၁၄၁ ဦးအား ရွှေ့ပြောင်းနေရာချထားပေးရကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု ၁၄ စုမှ မိုးစပါးစိုက်ဧက ၁၂,၆၃၂ ဧကအတွင်းသို့လည်း ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

23