back

ရန်ကုန်တိုင်း၊ ကမာရွက်မြို့နယ် Time City ၌ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသည့် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံး

Aug 10 • 2:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ကမာရွက်မြို့နယ် Time City ၌ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသည့် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွက်မြို့နယ်ရှိ Time City တာဝါ (၃) အောက်တွင် ယမန်နေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု ဖြစ်...

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွက်မြို့နယ်ရှိ Time City တာဝါ (၃) အောက်တွင် ယမန်နေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အဆိုပါတာဝါတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပန်းနာရင်ကြပ်ရောဂါ (Asthma) ခံစားနေရသူဖြစ်ရာ ရုံးပေါ်မှ အသက်ရှူကြပ်၍ လေဆင်းရှူစဉ် ရောဂါဖိစီးမှု (Asthma Attack) ကြောင့် ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်နေရာတွင် ရှူဆေးဂေါက်ဗူးကိုလည်း တွေ့ရှိရပြီး သတင်းရရှိသဖြင့် အနာဂတ်အလင်းတန်း ပရဟိတအသင်းက သွားရောက်ကူညီခဲ့ကာ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18