ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား ပြီးခဲ့သည့် ဩဂုတ် ၆ ရက် ညနေပိုင်းတွင် နေအိမ်သို့ ပြန်စဉ် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မိသားစုထံသို့ ဖုန်းဆက်၍ ငွေကျပ် သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရန် ခြိမ်းခြောက်တောင်းခံမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအချက်အလက်များအတိုင်း စိစစ်ဖော်ထုတ်ခဲ့ရာ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ပြန်ပေးဆွဲမှု၌ ပါဝင်သူ မူဒူးဂါး (ခ) ဝင်းကိုအောင်၊ ဂင်ဒို (ခ) လင်းလင်း၊ မျိုးမင်းဦး (ခ) မျိုးကြီးနှင့် အောင်သူ (ခ) အောင်သူဦး တို့ကို လက်နက် အချို့နှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ထို့အပြင် သာကေတမြို့နယ်ရှိ အိမ်ပျက်တစ်ခုအတွင်းမှ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့်အား အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဆက်စပ်ကျူးလွန်သူများဖြစ်သည့် မောင်ငယ်၊ ကျော်သူရ၊ အောင်ထက်မိုး၊ ကျော်သက် နှင့် ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် Taxi ယာဉ်မောင်း ကျော်ကိုကိုလွင် တို့အပါအဝင် စုစုပေါင်း ၉ ဦးအား အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့အား ဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ် Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံသူ ၉ ဦးကို ဖမ်းဆီးရမိ
Aug 10 • 2:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


