back

ရန်ကုန်ယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့ ရာသီကြို ခြေစမ်းပွဲများတွင် နိုင်ပွဲအသီးသီး ရရှိ

Aug 10 • 2:11 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့ ရာသီကြို ခြေစမ်းပွဲများတွင် နိုင်ပွဲအသီးသီး ရရှိ

လာမည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိသော ရာသီကြို ခြေစမ်းပွဲများတွင် ရန်ကုန်ယူနိုက်တက်နှင့် စ...

လာမည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိသော ရာသီကြို ခြေစမ်းပွဲများတွင် ရန်ကုန်ယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့ နိုင်ပွဲများ ရရှိခဲ့ကြကြောင်း သိရသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် MFF လေ့ကျင့်ရေးကွင်း၌ မြန်မာ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ကင်မရွန်း ကစားသမားများဖြစ်ကြသည့် မူစတာဖာနှင့် ဂိုင်းမစ်ချယ်တို့၏ သွင်းဂိုးများဖြင့် ၂ - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ စစ်ကိုင်းယူနိုက်တက် အသင်းကလည်း အင်စိန်ကွင်း၌ ဟံသာဝတီယူနိုက်တက် အသင်းကို ၂ - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ဟံသာဝတီကို အနိုင်ရရှိခဲ့သလို စစ်ကိုင်းယူနိုက်တက် အသင်းသည်လည်း ယခုလဆန်းပိုင်းက ရတနာပုံအသင်းနှင့် ဂိုးမရှိ သရေကျခဲ့ကြောင်း သိရသည်။

news-view-count-icon

9