မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဩဂုတ် ၉ ရက် နံနက် ၆ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး တံငါချောင်း ချောင်းမကြီးမှ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်စလစ်တောင်ကျေးရွာအုပ်စုအတွင်းသို့ ရေများ ဝင်ရောက်ခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ရေဘေးသင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ဇီးဖြူကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ဘေးကင်းစွာ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
မန္တလေး၊ မတ္တရာမြို့နယ်၌ တံငါချောင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့
Aug 10 • 1:51 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 16 | 0 | 0 | 0 |


