back

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထွန်းမင်းအောင်-ရာမာဥ်၊ အဲမွီ-သန့်ဇင်တို့ သရေကျပြီး နိုင်ဝင်းထွန်း ကမ္ဘာရှားကို အနိုင်ရခဲ့

Aug 10 • 1:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထွန်းမင်းအောင်-ရာမာဥ်၊ အဲမွီ-သန့်ဇင်တို့ သရေကျပြီး နိုင်ဝင်းထွန်း ကမ္ဘာရှားကို အနိုင်ရခဲ့

ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် MLWC-11 မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် သရေပွဲ ၅ ပွဲအထိ ထွက်ပေါ်ခဲ့ပြီး ဒ...

ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် MLWC-11 မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် သရေပွဲ ၅ ပွဲအထိ ထွက်ပေါ်ခဲ့ပြီး ဒုခေါင်တွဲဆိုင်းပွဲစဉ်၌ နိုင်ဝင်းထွန်းက ကမ္ဘာရှားကို အနိုင်ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲ၏ ဒုခေါင်တွဲဆိုင်း (၆၇) ကီလိုတန်း ပွဲစဉ်တွင် နိုင်ဝင်းထွန်းက ကမ္ဘာရှားကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း၊ (၇၅) ကီလိုတန်း ထိပ်ဆုံးခေါင်ပွဲဖြစ်သည့် ထွန်းမင်းအောင်နှင့် ရာမာဏ်တို့၏ ငါးချီယှဉ်ပြိုင်မှုမှာမူ အရှုံးအနိုင်အဖြေမပေါ်ဘဲ သရေကျခဲ့သည်။ ထို့ပြင် အဲမွီနှင့် သန့်ဇင်၊ ဆလိုင်းထန်ခွီးရှိန်နှင့် ဟိန်းထွန်းအောင်၊ အောင်ကိုလတ်နှင့် စောထိန်လင်း၊ ဒေါင်းမိုက်သွေးနှင့် စောရူဘီတို့၏ တွဲဆိုင်းများတွင်လည်း သရေရလဒ်များသာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

22