မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၏ ဒုဌဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၃ ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာအထက်သို့ ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် စတင်ကျော်လွန်ခဲ့ပြီး ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်အရ ၉၄၇ စင်တီမီတာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အောက်ပိုင်း ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် ရေပြန်ကျရန် ခက်ခဲနေပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် မီးသတ်နှင့် တာဝန်ရှိသူများက ၁ နာရီခြားတစ်ကြိမ် ရေမှတ်စောင့်ကြည့် တိုင်းထွာလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းရှိ ဒုဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၃ ပေခန့် ထပ်မံမြင့်တက်လာနိုင်
Aug 10 • 1:37 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 11 | 0 | 0 | 0 |


