back

ရေဘေးသင့်ဒေသများ၌ မြွေအန္တရာယ် ကြုံတွေ့နေရသဖြင့် ကြိုတင်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းများကို အထူးသတိပြုရန် နှိုးဆော် မြန်မာနိုင်ငံတစ်ဝန်းရှိ

Aug 09 • 12:33 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရေဘေးသင့်ဒေသများ၌ မြွေအန္တရာယ် ကြုံတွေ့နေရသဖြင့် ကြိုတင်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းများကို အထူးသတိပြုရန် နှိုးဆော် မြန်မာနိုင်ငံတစ်ဝန်းရှိ

ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးရေလျှံမှုများကြောင့် ရေဘေးကြုံတွေ့နေရစဉ် သဘာဝကျက်စားရာ ရေမြုပ်သွားသည့် မြွေများ လူနေအိမ်များ...

ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးရေလျှံမှုများကြောင့် ရေဘေးကြုံတွေ့နေရစဉ် သဘာဝကျက်စားရာ ရေမြုပ်သွားသည့် မြွေများ လူနေအိမ်များနှင့် ကုန်းမြင့်များသို့ ဝင်ရောက်ခိုအောင်းမှု ပြားလာသဖြင့် ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများအနေဖြင့် မြွေအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်လျက်ရှိသည်။ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်း၏ အကြံပြုချက်အရ မြွေကိုက်ခံရပါက သွေးမလန့်စေဘဲ အရင်ဆုံးဒဏ်ရာကို ရေဖြင့်စင်ကြယ်စွာဆေးခြင်း၊ အဆိပ်ညှစ်ထုတ်ခြင်းနှင့် ဒဏ်ရာအထက်မှ ဝါးခြမ်းပြားခံ၍ (အသားပုပ်စေမည့် အပြင်းအထန်စည်းနှောင်မှုမျိုးမဟုတ်ဘဲ) စည်းပေးခြင်းတို့ ပြုလုပ်ကာ လှုပ်ရှားမှုအနည်းဆုံးဖြင့် ၁ နာရီမှ ၃ နာရီအတွင်း မြွေဆိပ်ဖြေဆေးရှိရာ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဒဏ်ရာကို ဓားဖြင့်လှီးခြင်း၊ ပါးစပ်ဖြင့်စုပ်ခြင်း၊ အရက်နှင့် တိုင်းရင်းဆေးများ တိုက်ကျွေးခြင်းတို့ကို လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး၊ မြွေကိုက်မခံရစေရန် ညဘက်သွားလာပါက ဓာတ်မီးအသုံးပြုခြင်း၊ ရေဘေးကယ်ဆယ်ရေးသမားများအနေဖြင့် ဘွတ်ဖိနပ်၊ လက်အိတ်များ ဝတ်ဆင်ကာ အပျက်အစီးများကို ဝါးလုံးဖြင့် အရင်ထိုးဆွ စစ်ဆေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ကြရန် ဖော်ပြထားသည်။

news-view-count-icon

26