Bellarie Production မှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားကာ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN) ရိုက်ကူးထားသည့် 'အချစ်ဈေး' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မည်ဖြစ်သဖြင့် ပါဝင်ကြသူများ၏ မုန့်နှင့် အအေးအလှူကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအလှူတွင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ထားကြသည့် သရုပ်ဆောင် နိုင်းနိုင်းနှင့် ဝတ်မှုံရွှေရည်တို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ 'အချစ်ဈေး' ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားတော့မည်ဖြစ်ကြောင်း သိရသည်။
အချစ်ဈေး' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမည်ဖြစ်၍ သရုပ်ဆောင် နိုင်းနိုင်းနှင့် ဝတ်မှုံရွှေရည်တို့ ဆူးလေဘုရားတွင် မုန့်နှင့် အအေးဒါနပြုလှူဒါန်း
Aug 09 • 12:17 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 46 | 0 | 0 | 0 |


