back

မိုးကုတ်-မန္တလေးလမ်းပိုင်းတွင် တောင်ကျရေကြောင့် လမ်းရေဖုံးလွှမ်းပြီး သွားလာရေး ပြတ်တောက်နေဆဲဖြစ်ကာ ရွာအချို့ကို ရွှေ့ပြောင်းပေးနေရ

Aug 09 • 12:16 PM

breaking-news

မြန်မာ

မန္တလေး

cover

မိုးကုတ်-မန္တလေးလမ်းပိုင်းတွင် တောင်ကျရေကြောင့် လမ်းရေဖုံးလွှမ်းပြီး သွားလာရေး ပြတ်တောက်နေဆဲဖြစ်ကာ ရွာအချို့ကို ရွှေ့ပြောင်းပေးနေရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်မှစ၍ အထက်ပိုင်းမှ တောင်ကျရေများ စီးဆင်းလာကာ တံငါချောင်းမကြီး စိုးရိမ်ရေ...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်မှစ၍ အထက်ပိုင်းမှ တောင်ကျရေများ စီးဆင်းလာကာ တံငါချောင်းမကြီး စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသဖြင့် မိုးကုတ်-မန္တလေးလမ်းပိုင်း တံငါကျေးရွာအနီး မိုင်တိုင် ၂၅ နှင့် ၂၆ အကြား ကားလမ်းပေါ်သို့ ရေကျော်ဖုံးလွှမ်းလျက်ရှိရာ ဩဂုတ်လ ၉ ရက် ယနေ့နံနက်ပိုင်းအထိ သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် ရေအနည်းငယ် ပြန်ကျသော်လည်း ရေစီးကြမ်းနေဆဲဖြစ်၍ ဆိုင်ကယ်များနှင့် ကားအငယ်စားများကို ဖြတ်သန်းခွင့် မပြုသေးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့နယ်) ထံမှ သိရသည်။ ထို့အပြင် တံငါချောင်းဘောင်ဘေးရှိ အနိမ့်ပိုင်းကျေးရွာများအတွင်းသို့လည်း ရေဝင်ရောက်နေသဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများအား ရေဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ကူညီပေးလျက်ရှိသည်။

news-view-count-icon

13