ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ လင်းလေအင်းကျေးရွာ၌ ဩဂုတ်လ ၇ ရက် ညပိုင်းက လက်ဖက်ခင်းအတွင်းမှ ကောက်ယူရရှိသည့် ဒေသအခေါ် “မြေမှို” ကို ကြော်ချက်စားမိရာမှ အသက် ၃ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၇ ဦး ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် ဗိုက်နာဝမ်းပျက်ခြင်း စသည့် အစာအဆိပ်သင့်လက္ခဏာများ ခံစားရသဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် အဆိပ်သင့်သူအားလုံး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း မိုးရာသီအတွင်း ထွက်ရှိသည့် ရာသီပေါ်မှိုများတွင် စားနိုင်သောမှိုနှင့် အဆိပ်ရှိသောမှိုများမှာ ပုံသဏ္ဌာန်ချင်း တူညီတတ်သဖြင့် သေချာစွာမသိရှိပါက ကောက်ယူစားသုံးခြင်းမပြုရန်နှင့် အထူးသတိထားကြရန် ဒေသခံများက သတိပေးပြောဆိုထားကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယတွင် ရာသီပေါ်မှိုစားမိရာမှ အစာအဆိပ်သင့်ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး ဆေးရုံတင်ခဲ့ရ
Aug 09 • 11:58 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


