back

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

Aug 09 • 11:57 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ်လ ၁၈ ရက်မှ လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်က...

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ်လ ၁၈ ရက်မှ လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Yuanyi International Dance Academy (YIDA) တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ တရုတ်ရိုးရာအကပညာရှင် ဆရာမများက အကကိုယ်ဟန်နှင့် လှုပ်ရှားမှုများကို စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းသို့ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း စိတ်ဝင်စားသူများ သင်တန်းကြေးအခမဲ့ဖြင့် တက်ရောက်နိုင်ပြီး၊ လက်ရှိတွင် သင်တန်းသားလျှောက်လွှာများကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက လက်ခံခေါ်ယူလျက်ရှိကြောင်း သိရသည်။

news-view-count-icon

18