ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြည်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး ဒေသခံပြည်သူ ၂,၉၆၀ ဦး ရေဘေးသင့်လျက်ရှိရာ လက်ရှိတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခုအထိ ဖွင့်လှစ်ထားရကြောင်း သိရသည်။ အဆိုပါ စခန်းများတွင် ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆန်အိတ်၊ ထမင်းဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်ကြွပ်၊ ရေသန့်နှင့် ဓာတ်ဆားရည်ဗူးများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ထို့အပြင် ရေဝင်ရောက်မှုရှိနေသည့် ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၆ ကျောင်းကိုလည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယာယီပိတ်ထားရကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်တွင် ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားရပြီး စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထား
Aug 09 • 11:50 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 11 | 0 | 0 | 0 |


