အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ဆီးကျိတ်ကင်ဆာသည် ခန္ဓာကိုယ်ရှိ အရိုးများနှင့် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီး ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားနေရကြောင်း သားဖြစ်သူ ဟန်တာဘိုင်ဒင်က ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သောကြာနေ့အနှောင်းပိုင်းက ပြုလုပ်ခဲ့သော အဆိုပါအင်တာဗျူးတွင် ဟန်တာဘိုင်ဒင်က ဖခင်ဖြစ်သူသည် အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ထုတ်ဖော်ပြောဆိုနေဆဲဖြစ်သော်လည်း ကင်ဆာရောဂါကြောင့် ဘက်ပေါင်းစုံမှ အားနည်းကာ ဝေဒနာခံစားနေရသည့် အခြေအနေကို တွေ့မြင်ရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ဟခဲ့သည်ဟု သိရသည်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်တွင် ဆီးကျိတ်ကင်ဆာ ပြန့်နှံ့နေပြီး ဝေဒနာခံစားနေရကြောင်း သားဖြစ်သူ ပြောကြား
Aug 09 • 11:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


