back

လေးနှစ်ကျော်ကြာ ပိတ်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်

Aug 09 • 11:47 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လေးနှစ်ကျော်ကြာ ပိတ်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်

ရန်ကုန်မြို့လယ်ရှိ အခန်းပေါင်း ၄၆၆ ခန်းပါဝင်သော ဆူးလေရှန်ဂရီလာဟိုတယ်ကို လေးနှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်ဝန်ထမ်းမျာ...

ရန်ကုန်မြို့လယ်ရှိ အခန်းပေါင်း ၄၆၆ ခန်းပါဝင်သော ဆူးလေရှန်ဂရီလာဟိုတယ်ကို လေးနှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ပြင်ဆင်မှုများပြုလုပ်၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် အဆောက်အအုံတစ်ခုလုံးကို မဖွင့်သေးဘဲ အောက်ထပ်ရှိ အစားအသောက်တန်းကိုသာ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခင်က ကုန်သည်ကြီးများဟိုတယ်အမည်ဖြင့် လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအမည်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကာ၊ ဟိုတယ်ပိတ်ထားစဉ်ကာလအတွင်းကလည်း ၎င်းနှင့်ဆက်စပ်နေသည့် Sule Square Mall & Office Shangri-La Residences တို့ကို ဆက်လက်ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

news-view-count-icon

37