မြန်မာနိုင်ငံတွင် ဇူလိုင်လနှင့် ဩဂုတ်လတို့သည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု အများဆုံးဖြစ်သည့် ကာလများဖြစ်သဖြင့် အထူးဂရုပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။ ခြင်မှတစ်ဆင့်ကူးစက်သည့် အဆိုပါဗိုင်းရပ်စ်ရောဂါသည် ကလေးသူငယ်များ၌ ပြင်းထန်ပါက အသက်သေဆုံးနိုင်သည့်အထိ အန္တရာယ်ရှိပြီး ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းသည် လူနေထူထပ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိသော မြို့ပြဒေသများတွင် ဖြစ်ပွားကာ ကျန် ၄၇ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် သွေးလွန်တုပ်ကွေး ကူးစက်မှု အများဆုံးဖြစ်၍ အထူးဂရုပြုရန် လိုအပ်
Aug 09 • 11:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


