စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်လာနိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဩဂုတ်လ ၉ ရက် နံနက်ပိုင်းမှစတင်ကာ မြစ်ကမ်းဘေး၌ ရေကင်းများ ချထားကြောင်း သိရသည်။ အဆိုပါ ရေကင်းများကို မြစ်ရေထပ်မံဝင်ရောက်လာပါက မြို့၏အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းအနီး နေထိုင်သူများကို ရေဘေးလွတ်ကင်းရာသို့ အချိန်မီ ကူညီရွှေ့ပြောင်းပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ချထားခြင်း ဖြစ်သည်။ လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၈ စင်တီမီတာအလိုသို့ ရောက်ရှိနေပြီး လာမည့်အချိန်ပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။
စစ်က်ိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာ၍ ကယ်ဆယ်ရေးအဖွဲ့များအား ရေကင်းချထား
Aug 09 • 11:41 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


