back

ဧရာဝတီတိုင်းဒေသကြီး၊ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကျော်ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် ၂၄ နာရီပတ်လုံး ကြိုးပမ်းဆောင်ရွက်နေ

Aug 09 • 11:39 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကျော်ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် ၂၄ နာရီပတ်လုံး ကြိုးပမ်းဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေထပ်မံကျော်ဝင်လာမှုကို တားဆီးနိုင်ရေးအတ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေထပ်မံကျော်ဝင်လာမှုကို တားဆီးနိုင်ရေးအတွက် တာဝန်ရှိသူများက ၂၄ နာရီပတ်လုံး နေ့ဆိုင်း/ညဆိုင်း ခွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေကာတာပြုပြင်ရေးလုပ်ငန်းများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတို့မှ တာဝန်ရှိသူများအပြင် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါ ပူးပေါင်းကာ လူအင်အား၊ စက်ယန္တရားအင်အားအပြည့်ဖြင့် အပြင်းအထန် ဆောင်ရွက်နေကြကြောင်း သိရသည်။

news-view-count-icon

20