မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြစ်ရေသည် မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့၌ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုစီတွင်လည်းကောင်း၊ ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အလိုတွင်လည်းကောင်း ရောက်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေမြင့်တက်လာမှုအခြေအနေကို ကြိုတင်သတိပြုကာ ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားနိုင်ရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။
လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေ မြို့ ၃ မြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး
Aug 09 • 11:38 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 16 | 0 | 0 | 0 |


