back

မြစ် ၄ ခု၏ မြစ်ရေများသည် လာမည့် ၂၄ နာရီအတွင်း မြို့ ၅ မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

Aug 09 • 11:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြစ် ၄ ခု၏ မြစ်ရေများသည် လာမည့် ၂၄ နာရီအတွင်း မြို့ ၅ မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် လာမည့် ၂၄ ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် လာမည့် ၂၄ နာရီအတွင်း မြို့ ၅ မြို့၏ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၌ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့်နှင့် မုံရွာမြို့၌ ပေဝက်ကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ အလားတူ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

19