back

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုမှုများ သတိပြုရန် မိုးဇလ သတိပေး

Aug 09 • 11:31 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုမှုများ သတိပြုရန် မိုးဇလ သတိပေး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ထုတ် "မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၀/၂၀၂၆)" အရ ဩဂုတ်လ ၉ ရက်မှ ၁၂ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်း...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ထုတ် "မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၀/၂၀၂၆)" အရ ဩဂုတ်လ ၉ ရက်မှ ၁၂ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း သိရသည်။ အဆိုပါ ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

11