back

ဧရာဝတီမြစ်ရေ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့် ၁ ရက်မှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

Aug 09 • 11:27 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီမြစ်ရေ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့် ၁ ရက်မှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်မှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်...

ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်မှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၉ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ မြစ်ရေသည် မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုစီသို့ ရောက်ရှိနေကာ လာမည့် ၃၆ နာရီအတွင်းလည်းကောင်း၊ ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အလိုသို့ ရောက်ရှိနေကာ လာမည့် ၁ ရက်အတွင်းလည်းကောင်း စိုးရိမ်ရေမှတ်သို့ အသီးသီး ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုပြီး ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားနိုင်ရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

10