ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွိုင်မွေမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် လွိုင်မွေစာတိုက်နှင့် စိန်မေရီအထက်တန်းကျောင်း [အထက (၂)] ချယ်ရီဆောင်တို့ကို ဩဂုတ်လ ၈ ရက် (ယမန်နေ့) က ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ခဲ့ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများက အဆိုပါကမ္ပည်းမော်ကွန်းများကို အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကမ္ပည်းတပ်ဆင်ခြင်းသည် ရှေးဟောင်းအဆောက်အအုံများ၏ သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေကာ ရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွိုင်မွေမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းစာတိုက်အဆောက်အအုံကို ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်
Aug 09 • 11:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


