ချင်းပြည်နယ် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပျက်စီးသွားသည့် ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဘိလပ်မြေ၊ သွပ်နှင့် သွပ်ရိုက်သံများကို ပျက်စီးဆုံးရှုံးမှုအခြေအနေအလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဖလမ်းမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများနှင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ၊ ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့တွင် ပျက်စီးသွားသည့် ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 09 • 11:24 AM
မြန်မာ
ချင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


