back

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကို ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်

Aug 09 • 11:23 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကို ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး...

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောလိပ်အဆင့် မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော် သိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းကြရန်နှင့် သင်ယူပြီးပါက တောင်သူများကို အကျိုးပြုနိုင်မည့် လုပ်ငန်းခွင်များ မှန်ကန်စွာ ရွေးချယ်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

13