မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ထုံးမကြီးကျေးရွာ၌ လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစတင်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ တာဝန်ရှိသူများက ရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် အမှိုက်သရိုက်များနှင့် အညစ်အကြေးများ သန့်ရှင်းရေးလုပ်ခြင်း၊ သောက်သုံးရေအတွက် ရေတုံကင်နှင့် ရေဘုံပိုင်များ ပြုပြင်ပေးခြင်း၊ ရေတွင်း ရေကန်များကို အဘိတ်ဆေးခပ်ပေးခြင်းတို့အပြင် ဒေသခံတောင်သူများ၏ တိရစ္ဆာန်များကိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ၌ မြစ်ရေပြန်ကျသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Aug 09 • 11:22 AM
မြန်မာ
မကွေး
မျှဝေမည်
| 15 | 0 | 0 | 0 |


