back

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်

Aug 09 • 11:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၈ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း(အောက်ပို...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၈ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း(အောက်ပိုင်း)၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(မြောက်ပိုင်း) တို့တွင် ဩဂုတ်လ ၉ ရက် နံနက်ပိုင်းအထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစု၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်(တောင်ပိုင်း) တို့တွင်လည်း မုတ်သုံလေ အားကောင်းနေကြောင်း သိရသည်။

news-view-count-icon

17