back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အိမ်နှင့် ဆိုင်ခန်းငှားခများ မြင့်တက်လာ

Aug 09 • 6:42 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အိမ်နှင့် ဆိုင်ခန်းငှားခများ မြင့်တက်လာ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ငှားခနှင့် ဆိုင်ခန်းငှားခများ မြင့်တက်လာခြင်းကြောင့် အေးချမ်းစွာ လာရောက်နေထိုင်ကြသူများ၊ အသေးစား လုပ်ငန်းရှင်မျ...


ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ငှားခနှင့် ဆိုင်ခန်းငှားခများ မြင့်တက်လာခြင်းကြောင့် အေးချမ်းစွာ လာရောက်နေထိုင်ကြသူများ၊ အသေးစား လုပ်ငန်းရှင်များနှင့် မြို့ခံများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ လက်ရှိတွင် မြို့ပေါ်ရှိ တိုက်ခန်းနှင့် ဆိုင်ခန်းငှားခမှာ တစ်လလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ ဈေးနှုန်းမြင့်မားနေသည့်အပြင် နေထိုင်ခွင့်နှင့် စီးပွားရေးလုပ်ကိုင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များလည်း ကြုံတွေ့နေရကြောင်း သိရသည်။ ကုန်ဈေးနှုန်းနှင့် အဆောက်အအုံ ပြင်ဆင်စရိတ် မြင့်တက်လာမှုကြောင့် အိမ်ရှင်များက ငှားခတိုးတောင်းနေခြင်းဖြစ်ပြီး၊ အိမ်ငှားသူများကမူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် သင့်တင့်သော ဈေးနှုန်းနှင့် စည်းကမ်းချက်များ သတ်မှတ်ပေးရန် တောင်းဆိုထားကြသည်။

news-view-count-icon

13