တနင်္သာရီတိုင်းအတွင်း မေလလယ်မှ စတင်၍ ယခု ဩဂုတ်လဆန်းအထိ ၃လအတွင်း ရေနစ်သေဆုံးသူ ၁၂ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်၊ အောင်သာဝရကျေးရွာအနီး တနင်္သာရီမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၅ ရက်ကလည်း လူ ၅ ဦး ပါဝင်သည့် ကုန်ခြောက်ပစ္စည်း ရောင်းချသည့် လှေတစ်စီး ရေဝဲအတွင်း မတော်တဆ တိမ်းမှောက်ခဲ့သဖြင့် တကူကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးအောင်ဆန်းချစ်နှင့် ၎င်း၏ ၄ နှစ်အရွယ် တူမဖြစ်သူတို့ ရေနစ်သေဆုံးခဲ့သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ၃ ရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး မိဘရပ်ရွာသို့ ပြန်လည်သယ်ဆောင်ကာ ယမန်နေ့ ဩဂုတ် ၈ ရက်တွင် မီးသင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်းသိရသည်။ 
| 13 | 0 | 0 | 0 |


