မန္တလေးမြို့ အနီးဝန်းကျင်ဒေသများတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှ ရေပိုလွှဲတံခါးများ ဖွင့်ချခဲ့ရပြီး ဆည်၊ အင်း၊ ချောင်းငယ်များနှင့် မြောင်းငယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုနှင့်အတူ ပါလာသည့် ငါး၊ ပုစွန်မျိုးစုံကို ဒေသခံများက တစ်နိုင်တစ်ပိုင် ဖမ်းယူကာ စျေးများ၌ လာရောက်ခင်းကျင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုသို့ ငါး၊ ပုစွန်များ ပေါများလာသော်လည်း စျေးနှုန်းများမှာမူ ကျဆင်းခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မန္တလေး၌ ရေကြီးရေလျှံမှုနှင့်အတူ ပါလာသည့် ငါးပုစွန်များကို တစ်နိုင်တစ်ပိုင် ဖမ်းယူ၍ စျေးများတွင် ရောင်းချမှုများရှိလာ
Aug 09 • 4:35 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 16 | 0 | 0 | 0 |


